NOBLE GAS (နိုဗယ်ဂက်စ်)
နိုဗယ်ဂက်စ် (noble gas) ၆ခုကို ဒြပ်စင် အလှည့်ကျဇယား၏ ဒေါင်လိုက်အုပ်စု အမှတ်စဉ် ၁၈ (ယခင် ဇယားအဟောင်းတွင် group 0) တွင် တည်ရှိသည်။ Noble gas များသည် အရောင်မရှိ အနံ့မရှိသော ဓာတ်ငွေ့များဖြစ်သည်။ Atom တစ်လုံးတည်းနေသော ဒြပ်စင်များ ဖြစ်ကြပြီး ဓာတ်ပြု သတ္တိ အလွန်နည်းသည်။
Noble gas များသည် ဓာတ်တိုးကိန်း 0 ရှိပြီး အလွယ်တကူဒြပ်ပေါင်းမဖြစ်နိုင်သောကြောင့် 1960 တိုင်အောင် အစွမ်းမဲ့ဓာတ်ငွေ့များ (inert gases) ဟု ခေါ်ဝေါ် သုံးစွဲခဲ့ကြသည်။ အားလုံးသော noble gases များ၏ အပြင်ဖက်ဆုံး electron ပတ်လမ်းတွင် တည်မြဲရန်အများဆုံး ရရှိနိုင်သော electron အရေအတွက်မှာ ဟီလီယမ် (helium) တွင် 2 လုံး ကျန် noble gases များတွင် 8 လုံးစီ ရှိကြပါသည်။
Noble gas များသည် အထူးသဖြင့် ပြင်းထန်သော အခြေအနေများအောက်တွင် မှလွဲ၍ ပုံမှန်အားဖြင့် ဓာတ်ပြု သတ္တိ နည်းကြသည်။ Noble gas များ၏ ဓာတ်ပြု သတ္တိနည်းခြင်း (အစွမ်းမဲ့ခြင်း) သည် ဓာတ်မပြု စေချင်သော နေရာများတွင် အလွန်သင့်လျော်စေသည်။ ဥပမာ argon ကို လျှပ်စစ်မီးလုံးများတွင် ပူနေသော အဖြို က်နက် (tungsten) နန်းကြိုးကို ဓာတ်တိုးစေခြင်းမှ ကာကွယ်ရန် အသုံးပြု သည်။
Helium ကို ရေနက်ရေငုတ်သမားများအား ရှူ စေသည်။ ၄င်းတို့၏ noble gases ဖြစ်သော ဂုဏ်သတ္တိများကို ခေတ်သစ် အက်တမ်တည်ဆောက်ပုံ theoryဖြင့် ရှင်းပြနိုင်သည်။ ၄င်းတို့၏ အပြင်ဘက်ဆုံး shell တွင် valence electron 8လုံး ဟီလီယမ် 2လုံး ပြည့်နေခြင်းကြောင့် ဓာတုဓာတ်ပြုခြင်းတွင်ပါဝင်ရန် အစွမ်းအနည်းငယ်သာ ရှိစေသည်။
ထို့ကြောင့် အဆိုပါ noble gas တို့၏ ဒြပ်ပေါင်း ရာဂဏန်းအနည်းငယ်သာ ပြု လုပ်နိုင်သည်။ Noble gas အချင်းချင်းတို့သည် အရည်ပျော်မှတ် ဆူမှတ် အနည်းငယ်သာ ကွာခြားသည်။
*** ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေ။***
0 comments:
Post a Comment