ဖိတ်ခေါ်ပါသည် ===================== သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းအတွင်း ထိုင်ခုံပေါင်း တစ်သောင်းကျော်၊ အဆိုပါထိုင်ခုံများအထက်တွင်ကော်ရီဒါ စင်္ကြလမ်းရှိပြီး အဆိုပါစင်္ကြလမ်းသည် ၁၅ ပေခန့် အနံရှိပြီးအလျားအနေဖြင့် မိုးလုံလေလုံခန်းမ ပတ်လည်ဖြစ်၍ အဆိုပါ စင်္ကြလမ်း၌မြက်ဖျာများအားခင်းကျင်းပေးထားမည်ဖြစ်ကာ ပရိတ်သတ် နှစ်သောင်းခန့် ဝင်ဆန့် နိုင်ပါသည်။သို့ ပါ၍ကွင်းအတွင်းပိုင်းဆန့် ဝင်မည့်ပရိတ်သတ်အရေအတွက်သည် သုံးသောင်းဝန်းကျင်ခန့် ဖြစ်ပါသည်။ကွင်းအတွင်းပိုင်း၌ တိပိဋကဆရာတော်ကြီးများအတွက်သီးသန့် နေရာ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအတွက်သီးသန့် နေရာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှကြွရောက်လာမည့်သံဃာတော်များအတွက်နေရာ၊ နိုင်ငံခြားသံရုံးများမှဧည့်သည်တော်များ၊ အစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ အတွက်နေရာထိုင်ခင်းများစနစ်တကျဆောင်ရွက်ထားသလို အခြားအခြားသော အဖွဲ့ အစည်းများဘာသာရေးအသင်းအဖွဲ့ များအတွက်လည်းသက်တောင့်သက်သာဖြစ်စေရေးစနစ်တကျစီစဉ်ထားပါသည်။ခန်းမကြီးအတွင်း ပေ 30 LED ပရိုဂျက်တာကြီးဖြင့်ခန်းနားထယ်ဝါစွာရိုက်ကူးထုတ်လွှင့်တင်ဆက်မည်ဖြစ်သလို၊ ခန်းမပြင်ပ မိုးလုံလေလုံအားကစားရုံ အပြင်ဘက် ( ဝေဇယန္တာကားလမ်းရှေ့ရှိအဆောက်အဦးအားကာရံထားသည့်တံတိုင်းမှခန်းမသို့ အဝင်လှေကားကြား ) ပတ်ပတ်လည်အကျယ်သည် အနံ ပေ 150 ကျော် အလျားကွင်းတပတ်ရှိသဖြင့် ပရိတ်သတ် ငါးသောင်းခန့် ဝင်ဆန့် နိုင်ပါသည်။ အဆိုပါနေရာ၌အနယ်နယ်အရပ်ရပ်မှကြွရောက်လာမည့်ဧည့်ပရိတ်များအဆင်ပြေစွာဆရာတော်ကြီးများအားဖူးမျှော်နိုင်ရေးအတွက် 15 ပေ LED ပရိုတာ 3 လုံးတပ်ဆင်၍အခမ်းအနားအစီအစဉ်များအားတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားပါမည်။ မွန်ပြည်နယ် မဘသမှလည်း မွန်ပြည်နယ်ထွက်သစ်သီးများအားစတုဒီသာအဖြစ်ကုသိုလ်ဖြစ်လူဒါန်းသွားပါမည်။ ကြွရောက်သူပရိတ်သတ်များအတွက်အထိမ်းအမှတ်အင်္ကျီအထည် တစ်သိန်း ဝေငှလှူဒါန်းပေးပါမည်။ ထို့ ပြင်ဦးထုပ်များလည်းဝေငှလှူဒါန်းမည်ဟုသိရပါသည်။ ကြွရောက်လာသည့်ဧည့်ပရိတ်သတ်များအတွက် သောက်ရေသန့် ယပ်တောင် နှင့်အချိုရည်ဘူးများလည်း အလျှံပယ်ဝေငှနိုင်ရေးစီစဉ်ဆောင်ရွက်ထားပါကြောင်းနှင့်လုံခြုံရေးအစီအစဉ်များအား အထူးစီမံထားရှိပါကြောင်း။ သို့ ပါ၍တစ်သက်မှာတစ်ခါသာကြုံ့တွေ့ ရမည့် မြန်မာ့သာမကကမ္ဘာသို့ တိုင်အမှန်တရားချပြမည့် "လောကငြိမ်းချမ်း မဘသ မေတ္တာလွှမ်း"အခမ်းအနားကြီးသို့ ကြွလှမ်းခဲ့ဖို့ ဖိတ်ကြားအပ်ပါသည်။ မှတ်ချက် ။ Sky net ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်
0 comments:
Post a Comment