✏ ♥ ☺ လာ​ရောက်​လည်​ပတ်​​သောမိတ်​​ဆွေကို ♬ ကျွန်​​တော်​​Kyaw Lwin ♬ မှ ထာဝရ​ပျော်​ရွှင်​ပါ​စေလို့​ မေတ္တာ ပို့သလိုက်​ပါတယ်​☺ ♥ ✏

Saturday, January 17, 2015

®Android Phone များတွင် မြန်မာ Font ကိုနည်းစနစ်ကျကျထည့်သွင်းခြင်း®

ကျွန်​​တော်​ Kyaw Lwin  {​Teacher Guide} ရဲ့​ Blog ကိုလာ​ရောက်​ လည်​ပတ်​သူ အားလုံး​ကျေးဇူးပါ အခုကျွန်​​တော်​​ပြောမဲ့ အ​ကြောင်းက{ Root User }နောက်ပိုင်းထွက်ရှိလာသော Android Version4.2.2 မှ 4.4.2 အထိဖုန်းများတွင် Myanmar Fontထည့်သွင်းရာတွင်One Click Apk များနှင့်ထည့်သွင်းပါက အဆင်ပြေခြင်းရှိသလို အခန့်မသင့်လျှင်လည်းFirmware ကျတတ်သည်အထိဖြစ်တတ်ပါတယ်။ဒီလိုပြဿနာမဖြစ်ဖို့ Android မှာမြန်မာစာထည့်သွင်းနည်းကိုသမာရိုးကျနည်းစနစ်ဖြစ်တဲ့{ Fonts + Root Explorer } နည်းစနစ်နဲ့သွင်းတာကပြဿနာကင်းရှင်းပြီး စိတ်ကြိုက်မြန်မာစာချိန်ညှိလို့ရပါတယ်။ မြန်မာဖောင့်အတွက်ဖုန်း APKများ။မြန်မာဖောင့်ထည့်သော ကွန်ပျူတာ APP များဟာလည်း ဒီနည်းလမ်းကိုပဲအသုံးပြုထားတာပါ။One Click နဲ့ ကိုယ့်အားကိုယ်ကိုးစနစ်ကွာတာပဲရှိပါတယ်။ဒီနည်းကတော့ error ကင်းပါတယ်။ဒီနည်းကိုအသုံးပြုဖို့အသုံးပြုမယ့် Android Phoneဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။ပြီးရင်ဖုန်းထဲကို Root Explorer ကိုထည့်သွင်းပါ။SD ကဒ်အလွတ်တစ်ခုထဲကိုSmartZawgi.ttfRoboto-Regular.ttfPadauk.ttfဖောင့်သုံးခုကိုMF ဆိုပြီးဖိုဒါတစ်ခုဆောက်ကာထည့်သွင်းပါ။ပြီးရင် SD ကဒ်ကိုဖုန်းမှာထည့်သွင်းပါ။Root Explorer ကိုဖွင့်ပါ။ကဏ္ဏနှစ်ခုခွဲထားတာတွေ့ပါလိမ့်မယ်။ပထမတစ်ခုက ROOTဒုတိယတစ်ခုက STORAGE ပါ။ကျွန်တော်တို့ ROOT ဆိုတဲ့ကဏ္ဏကိုဝင်ပါမယ်။ပြီးရင် system ဆိုတဲ့ ဖိုဒါထဲကိုဝင်ပါမယ်။ပြီးရင် fonts ဖိုဒါထဲကိုဝင်ပါမယ်။အပေါ်နားမှာ r-o ဆိုတဲ့အရာလေးကိုနိပ်ပြီးr-w ဖြစ်အောင်လုပ်ထားလိုက်ပါ။ဒီအဆင့်ပြီးရင်တော့ ဟိုဘက်က STORAGEဆိုတဲ့ကဏ္ဏကိုဝင်လိုက်ပါ။စောစောက ကျွန်တော်တို့ဆောက်ထားတဲ့MF ဆိုတဲ့ဖိုဒါထဲကိုဝင်လိုက်ပါ။ပြီးရင်တော့ ဖိုဒါထဲမှာရှိတဲဖိုင်သုံးဖိုင်လုံးကိုselect all နဲ့ Copy ကူးပါ။ပြီးရင်စောစောကဖွင့်ထားတဲ့ fonts ဆိုတဲ့ဖိုဒါကိုသွားပြီး Copy here လုပ်ပေးပါ။ရှိပြီးသားဖိုင်တွေဆို Replace လုပ်မလားမေးပါတယ်Replace ကိုပဲနိပ်ပေးလိုက်ပါ။အားလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ။ပြန်တတ်လာရင်မြန်မာစာမြင်နေရပါပြီ။အဆင်ပြေဆုံး font သုံးခုပဲထည့်ပေးထားပါသည်။အခြားဖောင့်များနင့်လည်းစမ်းသပ်နိုင်ပါသည်

အဆင်​​ပြေကြပါ​စေဗျာ

®®®®  Download ®®®®

Credit >>>>> မူရင်း​ရေးသားသူ

0 comments:

Post a Comment